တန့်ဆည်မိသားစု
မူလစာမျက်နှာသို့
မိုဘိုင်းဆိုင်ရာ
* username: your AddThis username
musicboylay8@gmail.com လွမ်းရုံတန့်ဆည် မှပြုလုပ်သည်။
Monday, August 5, 2013
လက်ရှိ နိုင်ငံရေး
ဘယ်လိုလဲ ကလေး
အသိသာကြီး ဆိုးသွမ်းကြတဲ့ ကာလ
အပေါစား နဲ့ မလေးစားတဲ့ ယဉ်ကျေးမှု
သင်ကြားရေးက လက်တွေ့မကျခြင်း
မပြည့်စုံတဲ့ ရန်ပုံငွေတွေကြား
လှမ်းတောင် ကြည့်ခွင့်မရှိတဲ့
ပညာရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်
မတရားမှုတွေ ဆိုးဝါးတဲ့
မရေမရာ ခေတ်ဆိုးကြီးထဲ
မင်းအတွက် ဆွံ့အစေပြီ ကလေးရယ်
ဘယ်လိုလဲ ငွေကြေး
အစိုးရက အစ
မှောင်ခို လုပ်တဲ့ ကာလ
၁၅၀၀ က တစ်သိန်းကျော် ဖြစ်စေတယ်
မမှန်ကန်တဲ့ ပစ္စည်းအတုတွေနဲ့
ဈေးကွက်ကို လှုပ်လို့ ရတဲ့ ခေတ်ကြီး
အရည်အသွေးတွေထက်
တန်ဖိုးနည်းမှ တကယ် အဆင်ပြေခြင်း
ငွေရွက်တွေက ချူရခက်လွန်းတော့
ငါတို့ ရဲ့ ပေးဆပ်ခြင်းတွေမှာ
မင်းက လခစားအလုပ်တွေကို
စည်းခြားလွန်းတယ် ငွေကြေးရယ်
ဘယ်လိုလဲ ကမ္ဘာမြေကြီး
မင်းသိပါတယ် တို့ ဘဝတွေ
ကွက်ကြားမိုးတွေပဲ
သီတင်းသုံးတဲ့ ရာသီခွင်
မင်းပေးတဲ့ ချိန်ခွင်မှာတော့
အသက်ကြီးပေမယ့် အချိန်မစီးတဲ့ အဖြစ်တွေ
ငါ့မှာ အမြဲပဲ အလေးခိုးခံရတယ်
သုထက်ဆက်
နည်းပညာ မိုဘိုင်း
လမ်းဆုံ၊ တန့်ဆည်...........
No comments:
Post a Comment
Newer Post
Older Post
Home
No comments:
Post a Comment