အချစ်ကို အထင်သေးတက်ခဲ့သူ
အချစ်အတွက် နောင်တတွေကို
သွန်မှောက် ပစ်တက်တဲ့သူ
အမြတ်တွေ နားမလည်တက်ဘဲ
လောကကို ဖြစ်သလို ချစ်တက်ရင်း
ငါ့ လမ်း ငါထွင်ခဲ့သူ
ကောင်မလေး ရယ်
တို့ တွေ ဝေးခဲ့တာ မချစ်ခဲ့လို့ မဟုတ်
မင်းပျော်စေဖို့  ရှောင်ထွက်ခဲ့သူပါ
နေရာဝင်ယူမှာ သိသိရက်နဲ့
ဆင်းရဲခြင်းကို မပေးရက်သူပါ
ဒါက ငါ့ရဲ့ အစဉ်အလာပါ ချစ်ခဲ့သူရေ
ငါ စိတ်ညစ်တဲ့ ညတွေ က
ငါ ပျင်းတဲ့ ပတ်ဝန်းကျင်မှာ ထိန်ထိန်သာ
လုပ်တိုင်း မဖြစ်ကြတဲ့ လူတွေကြား
ကိုယ်ပိုင်စဉ်းစားခြင်းဟာ ပျယ်လွှင့်
ခပ်ပိန်းပိန်းလူတွေနဲ့
သဟဇာတ ဖြစ်အောင်
ငါ့ အင်္ကျီတွေ ချွတ်ထားခဲ့သူပါ
ငါ အရင်လို မသိတက်တော့ ဘူး
စည်းခြားသွားသူရေ
ငါဟာ ခုချိန်မှာတော့
ငါ့ ကိုယ်ငါ လူမိုက် လုပ်နေရပြီပေါ့
အားလုံး မသိတဲ့
အမုန်းတော်ခံ
အရှုံးတော် တန်နေခဲ့တော့
သုထက်ဆက်
နည်းပညာ မိုဘိုင်း
လမ်းဆုံ၊ တန့်ဆည်...........
