musicboylay8@gmail.com လွမ်းရုံတန့်ဆည် မှပြုလုပ်သည်။

Tuesday, August 6, 2013

ဒဏ်ရာရတဲ့ကောင်းကင်.....


ကြယ်တွေမပွင့်မီကတည်းက
ကောင်းကင်ကကြွေကျခဲ့ပြီးပြီလေ
ဘဝရဲ့သင်ရိုးညွှန်းတမ်းမှာ
မာတိကာပျောက်ခဲ့ရတဲ့နေ့တွေ
အဓိပ္ပာယ်ချင်းလွဲချော်နေတော့
တရားကသံသရာကိုဆွဲခေါ်လို့
ျဆော့ရခတ္တိက
အဆိပ်ခွက်ထဲက
သစ္စာတရားကိုမော့သောက်ခဲ့
ဗင်းဆင့်ဗန်းဂီုးက
မေတ္တာပဏ္ဍာဆက်ဖို့
နားရွက်တစ်ဖတ်လှီးဖြတ်ခဲ့
မြို့မငြိမ်းက
အုတ်ကားတစ်စီးအောက်မှာ
သူ့ဒုက္ခကိုမြန်မြန်ဖြတ်တောက်ခဲ့
မာရီလင်မွန်းရိုးက
တစ်ဘဝစာအိပ်ဆေးတွေကို
မျိုချခဲ့
ဒီကမ္ဘာမြေရဲ့
ဓါတ်ကြီးလေးပါးချို့ယွင်းမှုဟာ
ကောင်းကင်မှာသာ
အနာတရဖြစ်စေခဲ့ရပေါ့။ ။
                                                                        ရန်ငြိမ်းသူ(ပရဟိတ)

No comments:

Post a Comment